" 22 MP ကင္မရာ 3D Glass Body နဲ႔ စမတ္ဖုန္းသစ္က Xiaomi Mi 6 Plus ျဖစ္မည္ဟု ခန္႔မွန္း ”



Xiaomi ကုမၸဏီကေန video file တစ္ခု ထုတ္ေဖာ္ျပသခဲ့ၿပီး ဒီဗီဒီယိုမွာပါဝင္တဲ့ 22 MP ကင္မရာ၊ 3D glass body နဲ႔ စမတ္ဖုန္းက Mi 6 Plus ျဖစ္လာမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ Xiaomi က ေနာက္ထြက္မယ့္ စမတ္ဖုန္းအသစ္ကို weibo အေကာင့္မွာ တရားဝင္ေဖာ္ျပခဲ့တာျဖစ္ၿပီး ဒီ Teaser video အရ 6GB RAM နဲ႔ Snapdragon 800 series Processor ကို အသံုးျပဳထားတယ္လို႔ သိရပါတယ္။ ကုမၸဏီက သတ္မွတ္ထားတဲ့အခ်ိန္အတြင္းမွာ စမတ္ဖုန္းအေရအတြက္ 23.16 သန္းကို ေရာင္းခ်ခဲ့တယ္္လို႔လည္း ထုတ္ျပန္ခဲ့ပါေသးတယ္။ ေနာက္ထြက္လာမယ့္ စမတ္ဖုန္းရဲ႕နာမည္အစား ပါဝင္မႈေတြကို အသားေပးေဖာ္ျပထားတဲ့ ဒီစမတ္ဖုန္း teaser မွာ စမတ္ဖုန္းမိတ္ဆက္မယ့္ရက္ကို 2018 ခုႏွစ္ ဇူလိုင္လ 11 ရက္ေန႔လို႔ ေဖာ္ျပထားပါတယ္။ Xiaomi ရဲ႕ တရားဝင္ Weibo အေကာင့္မွာ အသစ္ထြက္ရွိလာမယ့္ စမတ္ဖုန္းရဲ႕ အစိတ္အပိုင္းတခ်ိဳ႕ကို ျပသခဲ့ၿပီး RAM 6GB ရွိတယ္လုိ႔ ဆိုပါတယ္။ ဗီဒီယိုမွာျပသထားတဲ့ အခ်က္အလက္အရ Snapdragon 800 series Processor ၊ UFS storage ၊ DDR4 RAM ၊ 4000 mAh ဘက္ထရီ ၊ 4K video recording ၊ 22-megapixel ကင္မရာ  နဲ႔ beauty mode ပါဝင္တယ္လို႔ သိရၿပီး 3D glass body ၊ full 4G ခ်ိတ္ဆက္ႏိုင္မႈ၊ လ်င္ျမန္စြာအားသြင္းႏိုင္တဲ့ USB Type-C port၊ NFC နဲ႔ IR Blaster တို႔လည္း ပါဝင္မွာျဖစ္ပါတယ္။ Xiaomi  ကေန ေနာက္ပိုင္းထြက္ရွိလာမယ့္ စမတ္ဖုန္းသစ္ေတြမွာ RAM 6GB အသံုးျပဳလာမွာျဖစ္တာေၾကာင့္ အခု video ထဲက စမတ္ဖုန္းက RAM 6GB ေပၚမူတည္ၿပီး ဘာနာမည္ရယ္လို႔ ေျပာႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ glass body သံုးထားတယ္ဆိုတဲ့ အခ်က္ကေတာ့ Mi 6 Plus ျဖစ္ရမယ္ဆိုတဲ့ ခန္႔မွန္းခ်က္ကို ပိုၿပီးခိုင္မာေစပါတယ္။ ဘာလို႔လဲဆိုေတာ့ Xiaomi Mi 6 မွာလည္း glass body အသံုးျပဳခဲ့လို႔ပါပဲ။ ဇူလိုင္ 11 ရက္ေန႔မိတ္ဆက္မယ့္ Xiaomi စမတ္ဖုန္းသစ္က Mi 6 Plus ျဖစ္ႏိုင္ေျခကေတာ့ ပိုမ်ားလာၿပီပဲ ျဖစ္ပါတယ္။

#news18.com

သံစဥ္ခ်ိဳ

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal

----------------------------------------------------------------------------------------------------------------------------------------------------------------------------------

(Unicode Version)

“ 22 MP ကင်မရာ 3D Glass Body နဲ့ စမတ်ဖုန်းသစ်က Xiaomi Mi 6 Plus ဖြစ်မည်ဟု ခန့်မှန်း ”
----------------

Xiaomi ကုမ္ပဏီကနေ video file တစ်ခု ထုတ်ဖော်ပြသခဲ့ပြီး ဒီဗီဒီယိုမှာပါဝင်တဲ့ 22 MP ကင်မရာ၊ 3D glass body နဲ့ စမတ်ဖုန်းက Mi 6 Plus ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ Xiaomi က နောက်ထွက်မယ့် စမတ်ဖုန်းအသစ်ကို weibo အကောင့်မှာ တရားဝင်ဖော်ပြခဲ့တာဖြစ်ပြီး ဒီ Teaser video အရ 6GB RAM နဲ့ Snapdragon 800 series Processor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ကုမ္ပဏီက သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ စမတ်ဖုန်းအရေအတွက် 23.16 သန်းကို ရောင်းချခဲ့တယ််လို့လည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ နောက်ထွက်လာမယ့် စမတ်ဖုန်းရဲ့နာမည်အစား ပါဝင်မှုတွေကို အသားပေးဖော်ပြထားတဲ့ ဒီစမတ်ဖုန်း teaser မှာ စမတ်ဖုန်းမိတ်ဆက်မယ့်ရက်ကို 2018 ခုနှစ် ဇူလိုင်လ 11 ရက်နေ့လို့ ဖော်ပြထားပါတယ်။ Xiaomi ရဲ့ တရားဝင် Weibo အကောင့်မှာ အသစ်ထွက်ရှိလာမယ့် စမတ်ဖုန်းရဲ့ အစိတ်အပိုင်းတချို့ကို ပြသခဲ့ပြီး RAM 6GB ရှိတယ်လို့ ဆိုပါတယ်။ ဗီဒီယိုမှာပြသထားတဲ့ အချက်အလက်အရ Snapdragon 800 series Processor ၊ UFS storage ၊ DDR4 RAM ၊ 4000 mAh ဘက်ထရီ ၊ 4K video recording ၊ 22-megapixel ကင်မရာ  နဲ့ beauty mode ပါဝင်တယ်လို့ သိရပြီး 3D glass body ၊ full 4G ချိတ်ဆက်နိုင်မှု၊ လျင်မြန်စွာအားသွင်းနိုင်တဲ့ USB Type-C port၊ NFC နဲ့ IR Blaster တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ Xiaomi  ကနေ နောက်ပိုင်းထွက်ရှိလာမယ့် စမတ်ဖုန်းသစ်တွေမှာ RAM 6GB အသုံးပြုလာမှာဖြစ်တာကြောင့် အခု video ထဲက စမတ်ဖုန်းက RAM 6GB ပေါ်မူတည်ပြီး ဘာနာမည်ရယ်လို့ ပြောနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် glass body သုံးထားတယ်ဆိုတဲ့ အချက်ကတော့ Mi 6 Plus ဖြစ်ရမယ်ဆိုတဲ့ ခန့်မှန်းချက်ကို ပိုပြီးခိုင်မာစေပါတယ်။ ဘာလို့လဲဆိုတော့ Xiaomi Mi 6 မှာလည်း glass body အသုံးပြုခဲ့လို့ပါပဲ။ ဇူလိုင် 11 ရက်နေ့မိတ်ဆက်မယ့် Xiaomi စမတ်ဖုန်းသစ်က Mi 6 Plus ဖြစ်နိုင်ခြေကတော့ ပိုများလာပြီပဲ ဖြစ်ပါတယ်။

#news18.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal


Comments